ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများနှင့် ကုမ္ပဏီများအနေဖြင့် လိုက်နာရမည့် အခွန်ဆိုင်ရာကိစ္စရပ်များ ရှင်းလင်းပွဲအခမ်းအနားသို့ ပြည်နယ်ဦးစီးမှူးတက်ရောက်

Powered by Drupal

        ၉.၁၀.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးနှင့် ဦးစီးအရာရှိ (၆) ဦးတို့သည် ပြည်နယ်ခန်းမ၌ကျင်းပပြုလုပ်သည့် ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများနှင့် ကုမ္ပဏီများအနေဖြင့် လိုက်နာရမည့် အခွန်ဆိုင်ရာကိစ္စရပ်များ ရှင်းလင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

     အဆိုပါ အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ရန် အခွင့်အလမ်းများအား ရှင်းလင်းတင်ပြခြင်း၊ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဂျွန်စိန်ဂီက MIC ကင်းလွတ်ခွင့်လျှောက်ထားသည့် ကုမ္ပဏီများအနေဖြင့် လိုက်နာရမည့် အခွန်ဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)