
ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မိတ်ဖက်ဌာနဆိုင်ရာများဖြစ်သည့် မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ ဒေါတမ ရပ်ကွက်ရှိ ကိတ်မုန့်၊ ပေါင်မုန့် စသည့်မုန့်မျိုးစုံ ထုတ်လုပ်ဖြန့် ဖြူးရောင်းချနေသည့် UK အမှတ်တံဆိပ် မုန့်ဖိုသို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏( ၂/၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ် ဆေးဆောင်ရွက်ခဲ့ပါ သည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် UK မုန့်ဖို၌ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် မုန့်များတွင်ဖော်ပြထားသော ကုန်အမှတ်တံဆိပ်သည် ကုန်အညွှန်းအမှတ်အသားသတ်မှတ် ချက်များနှင့် ပြည့်စုံမှုမရှိသေးကြောင်း စစ်ဆေးတွေ့ရှိရ၍ ထုတ်လုပ်သည့်လုပ်ငန်းရှင်အား အသင့်စားမုန့်များဖြစ်သည့် ကိတ်မုန့်၊ ပေါင်မုန့်စသည့် မုန့်များ ထုတ်လုပ်ရောင်းချရာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏( ၂/၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များအား ထည့်သွင်းဖော်ပြရန်နှင့် ပြန်လည်ပြင်ဆင်ဖြည့်စွက်ပြီးသော ကုန်အညွှန်း အမှတ်အသား ဖော်ပြချက်များအား စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးသို့ အမြန်ဆုံးပြန်လည်တင်ပြသွားရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA( ကယား)
