
မအူပင်ခရိုင်၊ ညောင်တုန်းမြိုနယ်အတွင်းရှိ ဆန်စက်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ် စအဖ၊စစစ၊စားသုံးသူနှင့်SPဌာနများပူးပေါင်း၍(၆-၁၀-၂၀၂၅) ရက်နေ့ နံနက် ၁၀နာရီအချိန်က ဆန်စက်များ၏ ရထုတ်ကျန်၊ လက်ကျန် စပါး/ဆန် သိုလှောင်မှုစာရင်း ၈/၂၀၂၅ MyROတင်ထားသည့် လက်ကျန်စာရင်းကို အခြေခံ၍ မြေပြင်လက်ကျန်အားကွင်းဆင်း စစ်ဆေးပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ် ရွှေပြည်ကျော်ဆန်စက်၊ ကောင်းမြတ်သုခ၊ မဟာ၊ အောင်ချမ်းသာ၊ သီဟသူ၊ ဝင်းမြင့် ဆန်မျိုးစုံရောင်းဝယ်ရေး လုပ်ငန်းတို့အား စစ်ဆေးရေးအဖွဲ့မှ ညောင်တုန်းမြို့နယ် သိုလှောင်ရုံမှတ်ပုံတင်လုပ်ငန်း ၇၄ ခုရှိပြီး ဖြစ်၍ လစဉ် လဆန်းရက်များတွင် စပါး / ဆန်သိုလှောင်မှု ရ၊ ထုတ်၊ ကျန် စာရင်းများကို မြေပြင်အခြေအနေမှန်စာရင်းနှင့် အနီးစပ်ဆုံးကွင်းဆင်း တိုက်ဆိုင်စစ်ဆေးခြင်းပြုလုပ်ခဲ့ရာ လုပ်ငန်းရှင်များကို ပြည်တွင်းဈေးကွက်၌ ဆန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေး၊ ပြည်ပသို့ဆန်တင်ပို့မှုကို စနစ်တကျ ဆောင်ရွက်နိုင်ရေး၊ ဈေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့် သမားရိုးကျ ရောင်းဝယ်ခြင်း မဟုတ်သည့်လုပ်ငန်းများကို ထိန်းကျောင်းနိုင်ရေးနှင့် ဆန်စပါးသိုလှောင်မှုများ စနစ်ကျနမှုရှိစေရေးအတွက် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ဆန်စပါးသိုလှောင်မှုအား Online မှ မှတ်ပုံတင်ခြင်းစနစ် (Myanmar Rice Online - MyRo)ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသောကြောင့် မြို့နယ်အတွင်း လုပ်ငန်းရှင်များက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်များ မှာကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)
