
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့၊ မွန်းတည့် (၁၂း၀၀) နာရီအချိန်တွင် စားသုံးသူ ရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟို စာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ စားသုံးဆီအရောင်း ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးဆီများအားအလေးချိန်မှန်ကန်စွာဖြင့် ရောင်းချနေမှု အခြေ အနေများ၊ ဝိသမလောဘဖြင့် ရောင်းချမှုများမရှိစေရေး၊ သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများနှင့်အညီ ရောင်းချနေမှုအခြေအနေများအား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိ ရပါသည်။
DOCA(တနင်္သာရီ)
