
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုအရ ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်နှင့် ဝန်ထမ်းများသည် (၈.၁၀.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၂)နာရီအချိန်တွင် ပန်းတနော်မြို့နယ်ဦးစီးမှူးရုံး၌ ရပ်ကွက်နေပြည်သူ ၅ ဦးအား စားသုံးသူကာကွယ်ရေး နစ်နာဆုံးရှုံမှုနှင့် စပ်လျဉ်း၍ တိုင်ကြားနိုင်သည့် လုပ်ငန်းစဉ်အကြောင်းကို အသိပညာပေး ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးရာတွင် စားသုံးသူ ပြည်သူများအနေဖြင့် စားသုံးသူအခွင့်အရေး ထိခိုက်နစ်နာမှု ရှိလာပါက တိုင်းကြားနိုင်သော Consumer Call Center အကြောင်းကို သိရှိနိုင်ရန် ရှင်းလင်းခြင်း စားသုံးသူသာမက၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်လည်း စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း သည့် သတင်း အချက် အလက်များ၊ စားသုံးသူရေးရာကိစ္စရပ်များ နှင့်စပ်လျဉ်း ၍ စုံစမ်းမေးမြန်း ရန်၊ တိုင်ကြားနိုင်ရန်နှင့် သိရှိလို သည်များကို Consumer Call Center (1535)သို့ ရုံးဖွင့်ရက်၊ ရုံးချိန်အတွင်းခေါ်ဆိုမေးမြန်းနိုင်ကြောင်း၊ အသိပညာပေးလျက်ရှိသည့်အပေါ် ကျောင်းသား မောင်မျိုးသော်ဇင် မှ Consumer Call Center (1535) လိုင်းခွဲ(၁)အား ဖုန်းခေါ်ဆို၍ စားသုံးသူအခွင့်အရေး နှင့်တာဝန်များအကြောင်း အား ခေါ်ဆိုမေးမြန်းခဲ့ရာ တာဝန်ရှိ သူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
