
ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များသည် မြိတ်မြို့အတွင်း Super Market, Mini Mart များနှင့် ဆန်ဆိုင်များအား ကုန်စျေးနှုန်းတည်ငြိမ်စေရေး ကွင်းဆင်းစစ်ဆေးလျက်ရှိပြီး ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့၊ နံနက်(၉း၀၀)အချိန်တွင် မြိတ်မြို့၊ နောက် လယ်ရပ်နှင့် တလိုင်းစုရပ်ရှိ ဆန်အရောင်းဆိုင်များနှင့် ဆီအရောင်းဆိုင်များအား သတ်မှတ် ရည်ညွှန်းစျေးများနှင့် ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သောစျေးနှုန်းများဖြင့် ရောင်းချနေခြင်းရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီး ဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်သောအဖွဲ့ဝင် များဖြင့် သတ်မှတ်ထားသောရည်ညွှန်းစျေးနှုန်းများဖြင့် ရောင်းချနေခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး အလေးချိန်မှန်ကန်စွာ၊ ဖြစ်သင့်ဖြစ်ထိုက်သောစျေးနှုန်းများဖြင့် ရောင်းချရန်နှင့် စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိမှုများမဖြစ်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။
DOCA(တနင်္သာရီ)
