
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တာဝန်ခံရုံး အနေဖြင့် (၈-၁၀-၂၀၂၅)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ပန်းတနော်မြို့နယ်အတွင်း ရောင်းချနေသော ဘိလပ်မြေ အရောင်းဆိုင်(၄)ဆိုင်သို့ သွားရောက်၍ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်း ရောင်းချမှု အခြေအနေများကို အပတ်စဉ် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ပန်းတနော်မြို့ပေါ်ရှိ ဘိလပ်မြေရောင်းချသည့်ဆိုင်များ၏ ဘိလပ်မြေကုန်ကြမ်းဝယ်ယူရရှိမှုအခြေအနေ၊ ဆိုင်တွင်ရောင်းချပြီး လက်ကျန်အခြေ အနေနှင့် လက်ရှိရောင်းချနေမှု ဈေးနှုန်းအခြေအနေအား စာရင်းကောက်ယူခြင်းများ ကွင်းဆင်းစိစစ်ခဲ့ရာ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ရန်ကုန်မြို့မှ လက်ကားဝယ်ယူရရှိပြီး၊ ပန်းတနော်မြို့နယ်တွင် ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှု မရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။
DOCA (ဧရာဝတီ)
