“ သုံးခွမြို့နယ်ဈေးကွက်အတွင်းရောင်းချနေသောစားသုံးဆီအမျိုးမျိုးတွင်ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)နှင့်ကိုက်ညီမှုရှိ/မရှိစစ်ဆေးခြင်း”

Powered by Drupal

   ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းချသောဆိုင်များတွင် စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ကုန်အညွှန်းအမှတ်အသား များ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိနှင့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)နှင့်ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်းအား အောက်တိုဘာလ(၁၀)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် စားသုံးသူရေး ရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

စည်ပင်သာယာမြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အပြင် ပင်ရင်းပါဝင်ပစ္စည်း ကိုအခြေခံ၍ ဖော်ပြရာတွင် သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ညွှန်ကြား ချက်အမှတ် (၁/၂၀၂၁)တို့အား ဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။

  ထို့နောက် စားသုံးဆီအမျိုးမျိုး ရောင်းချသောလုပ်ငန်းများအား ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြရာ၌ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)တို့နှင့် ကိုက်ညီမှုမရှိသည့် စားသုံးဆီအမျိုးမျိုးတို့အား ရောင်းချခြင်း မပြုလုပ်ကြရန်နှင့် စားသုံးဆီအပါအဝင် အခြားကုန်စည်များကိုလည်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုလုပ်ကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)