
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် မအူပင်မြို့နယ်တွင် မအူပင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦး စီးဌာန ဦးဆောင်၍ မအူပင်မြို့နယ်မီးသတ်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက် ရေးအသင်း၊ ကျန်းမာရေးဦးစီးဌာန၊ ပင်စင်ဦးစီးဌာန တို့ ပါဝင်ကြီးပြီး (၈.၁၀.၂၀၂၄) ရက်နေ့တွင် နံနက်(၀၈:၀၀) နာရီအချိန်တွင် မအူပင်မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့တွင် မအူပင်မြို့ရှိ ပင်စင်စားသက်ကြီးရွယ်အို မိဘဘိုးဘွားများကို ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် အခြေခံစား သောက်ကုန်များ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြသည်။
ရောင်းချမှုတွင် မအူပင်မြို့နယ် သက်ကြီးပင်စင်အငြိမ်းစား များကို ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြပြီး၊ ဆန်ကုန်သည်များအသင်း၊ ဆီကုန် သည်များအသင်းတို့မှ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့်အတူ ပူးပေါင်းကာ သက်သာသောဈေးနှုန်းဖြင့် ရောင်းချရန် ကြပ်မတ်ဆောင်ရွက်ခဲ့ပြီး အခြေခံစားသောက် ကုန်ဖြစ်သော ဆန်တစ်ပြည် (၃၀၀၀)ကျပ်၊ ဆီ ၅၀သား ၁ဦးလျှင် တစ်ဗူးနှုန်း (၃၅၀၀)ကျပ်၊ ကြက်ဥ ၅လုံး (၂၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (ဧရာဝတီ)
