
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး) သည် ၁၀.၁၀.၂၀၂၅ ရက်နေ့ ၀၉:၀၀ နာရီ အချိန်၌ မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်အတွင်းရှိ “Cafe-60 Tea House”၊ လုပ်ငန်းရှင် (၂)ဦး နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာရန် အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထိုသို့ဆွေးနွေးရာတွင် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး) က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်နှင့်ဝန်ဆောင်မှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု၊ ကုန်စည်/ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက် နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ စားသုံးဆီနှင့် ပတ်သက်၍ သတ်မှတ်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအကြောင်း၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေနှင့်ပတ်သတ်သည့် အမိန့်ညွှန်ကြားချက်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိစေရန်နှင့် သက်ဆိုင်ရာ FDA ထောက်ခံချက်များပါရှိရန် လိုအပ်ကြောင်း၊ တားမြစ်ချက်များနှင့်ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
DOCA(ကချင်)
