Online မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်အေးအေးမော်နှင့်ဝန်ထမ်းများသည်(၉.၁၀.၂၀၂၅) ရက်နေ့၊ နေ့လည်(၁၄:၃၀)နာရီအချိန်တွင် ဆရာမစောဝ တီမောင်သလ္လဝတီဟောခန်း online ဖြင့် ဝန်ဆောင်မှုပေးသောလုပ်ငန်းအား  အမှတ်(၄၇/၄လွှာ A)၊ နိကြေဓလမ်း၊  ကျားကွက်သစ်ရပ်ကွက်၊ တာမွေမြို့နယ်သို့သွားရောက်၍ OnlineSale မှတ်ပုံ တင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာအချက်အလက်များ ကိုက်ညီမှု ရှိ/မရှိကိုစစ်ဆေးခဲ့ကြောင်း သိရှိ ရပါသည်။

         ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ရောင်းချခြင်း လုပ်ငန်း နှင့်ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေအ ဖြစ်သတ်မှတ်ထားကြောင်း မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)