
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်း နှင့်ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ် ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားမှု ကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှု ရှိ/မရှိကို (၉.၁၀.၂၀၂၅) ရက်နေ့ ၊နံနက်(၁၀:၃၀)နာရီအချိန်တွင် အမှတ်(၂၀) ၊ ဦးဘဟန်လမ်း ၊ (င/ခ)ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်သို့သွားရောက်၍ အလှကုန်ပစ္စည်းများ Online Sale ရောင်းချခြင်းအား Online မှတ်ပုံတင်မြေပြင်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ရောင်းချခြင်း လုပ်ငန်းနှင့်ပတ်သက်၍ မြေပြင်စစ်ဆေးရမည့်အချက်(၁၈) ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေး ခြင်းနှင့်အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှု ဥပဒေအဖြစ်သတ်မှတ်ထားကြောင်း မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး အလှကုန်လုပ်ငန်းဖြစ်သည့် အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း ၁၁၊ ပုဒ်မ ၂၃ ပါ စီးပွားရေးလုပ်ငန်းရှင်၏ အာမခံ ချက်များပါ အချက်အလက်များကိုလည်းကောင်း စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)ရှိ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သတ်၍ အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါ သည်။
DOCA(ရန်ကုန်)
