စိန်ရွှေမြဆန်ရောင်းဝယ်ရေးအရောင်းဆိုင်သို့ ကွင်းဆင်းကြပ်မတ်အသိပညာပေးမှုများ ဆောင်ရွက်ခြင်းး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦး စီးမှူး)နှင့်ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ဆန်ရောင်းချမှု အခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်လျှက်ရှိရာ(၈.၉.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင်၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်အတွင်းရှိ ဆန်လက်လီ/လက် ကားရောင်းချနေသော အမှတ် (၁)၊ မြင်တော်သာလမ်း၊ (၃)ရက်ကွက်၊ သာကေတမြို့နယ် စိန်ရွှေ မြဆန်ရောင်းဝယ်ရေးအရောင်း ဆိုင်သို့သွားရောက်၍ ဆန်ဈေးကွက်အတွင်း ဆန်များရောနှော ရောင်းချခြင်း ရှိ/မရှိနှင့်  ဆန်ဆိုင်များတွင်ရောင်းချနေသော ဆန်ကြမ်း၊ ဆန်ချော၊ ဆန်ကွဲ မြေပြင် လက်ကျန်စာရင်းကောက်ယူခြင်းများဆောင်ရွက်ခဲ့ပြီး ဆန်များကိုဈေးနှုန်းအဆမတန်ရောင်းချမှု မရှိစေရေးနှင့် ရောင်းချခြင်းကိုစိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)