ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ OSSC (7/2025-2026) အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Zoom Meetingဖြင့်တက်ရောက်

Powered by Drupal

      ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ထားဝယ်အထူးစီးပွား ရေးဇုန်စီမံခန့်ခွဲမှုကော်မတီ OSSC (7/2025-2026)အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Virtual ဖြင့် တက်ရောက်ခဲ့ပါသည်။

            ထိုအစည်းအဝေး၌ ထားဝယ်အထူးစီးပွား‌ရေးဇုန် ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဒုတိယဥက္ကဋ္ဌမှ ရှင်းလင်းတင်ပြခြင်း၊ OSSC အဖွဲ့ဝင်များမှလည်း အသီးသီးတင်ပြဆွေးနွေး ခဲ့ကာ ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးအား နေ့လည်(၁၁း၃၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)