“သြဇာသီးများစျေးနှုန်းဈေးကွက်အခြေအနေ”

Powered by Drupal

         မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ရှိ အေးမြကြည်လင်စျေးနှင့် မြို့မစျေးတို့တွင်  ရာသီစာ သီးနှံများကို  စိုက်ပျိုးရောင်းချလျက်ရှိရာ  ယခုအခါ  ပုပ္ပါးဒေသမှ ဩဇာသီးများလှိုင်လှိုင်ဝင်ရောက်လျက်ရှိကြောင်း၊ သြဇာသီးကို အိန္ဒိယလူမျိုးတွေက အစိမ်းစားသည့် အပြင် ကိတ်မုန့်တွေ မုန့်အချို တွေလုပ်စားကြကြောင်း၊ ကျောက်ဆည် ဈေးကွက်အတွင်းသို့ သြဂုတ်လတွင် စတင်ဝင်ရောက်လျက်ရှိပြီး  သြဇာသီးစျေးနှုန်းအနေဖြင့် စက်တင်ဘာလ နောက်ဆုံး အပတ်တွင် အကြီးတစ်လုံးလျှင် (၁၃၀၀/-)၊ အလတ်တစ်လုံးလျှင်(၁၀၀၀/-)ကျပ်၊ အသေးတစ်လုံး လျှင်(၈၀၀/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ပြီး အောက်တိုဘာလ ပထမပတ်၊ အကြီးတစ်လုံး လျှင် (၁၀၀၀/-)ကျပ်၊ အလတ်တစ်လုံးလျှင် (၈၀၀/-) ကျပ်၊ အသေးတစ်လုံးလျှင် (၅၀၀/-) ကျပ် စျေးနှုန်းများဖြင့် ‌ရောင်းချလျှက်ရှိပြီး ယခင်လထက် ဈေးအနည်းငယ်ကျဆင်းသွားကြောင်း ဩဇာသီးရောင်းချနေသော ဈေးသည်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)