၂၀၂၅ ခုနှစ်၏ ပထမ ၉ လတွင် စုစုပေါင်းကုန်သွယ်မှုတန်ဖိုးအမေရိကန်ဒေါ်လာ ၆၈၀.၆၆ ဘီလီယံရောက်ရှိခဲ့သည့် ဗီယက်နမ်

Powered by Drupal

  ၂၀၂၅ ခုနှစ်၏ ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ဗီယက်နမ်၏စုစုပေါင်းကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၈၀.၆၆ ဘီလီယံတန်ဖိုးရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက နိုင်ငံတော်စာရင်းအင်းရုံး (NSO) ၏အဆိုအရ သိရပါသည်။ ထိုကာလအတွင်း ဗီယက်နမ်သည် အမေရိကန်ဒေါ်လာ ၃၄၈.၇၄ ဘီလီယံတန်ဖိုးတင်ပို့ခဲ့ပြီး ၁၆ ရာခိုင်နှုန်းမြင့်တက် ခဲ့ကြောင်း သိရပါသည်။ ထိုစုစုပေါင်းတန်ဖိုးထဲမှ ပြည်တွင်းစီးပွားရေးကဏ္ဍသည် အမေရိကန် ဒေါ်လာ ၈၅.၄၁ ဘီလီယံတန်ဖိုးရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၂၆၃.၃၃ ဘီလီယံတန်ဖိုးရှိကြောင်း သိရပါသည်။ ပို့ကုန်အမျိုးအစား ၃၂ ခုမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်အသီးသီးရှိပြီး ၇ ခုမှာ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်အသီးသီးရှိကြောင်း သိရပါသည်။ စက်မှုထုတ်ကုန်များတင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၀၉.၀၃ ဘီလီယံ၊ စိုက်ပျိုးမွေးမြူရေး-သစ်တော-ရေထွက်ကုန်တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၉.၅၁ ဘီလီ ယံ၊ ရေထွက်ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၈.၁၇ ဘီလီယံနှင့် စွမ်းအင်နှင့် သတ္တုတွင်းထွက် တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂.၀၃ ဘီလီယံရှိကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ဗီယက်နမ်သည် ထို ၉ လတာကာလတွင် အမေရိကန်ဒေါ်လာ ၃၃၁.၉၂ ဘီလီယံတန်ဖိုးတင်သွင်းခဲ့ ပြီး ၁၈.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ပြည်တွင်းကဏ္ဍမှ အမေရိကန်ဒေါ်လာ ၁၀၅.၆၇ ဘီလီယံတန်ဖိုးတင်သွင်းခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍမှ အမေရိကန်ဒေါ်လာ ၂၂၆.၂၅ ဘီလီယံတန်ဖိုးတင်သွင်းခဲ့ကြောင်း သိရပါသည်။ သွင်းကုန်အမျိုးအစား ၄၃ ခုမှာ အမေရိ ကန်ဒေါ်လာ ၁ ဘီလီယံကျော်အသီးသီးရှိပြီး ၃ ခုမှာ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော် အသီးသီးရှိကြောင်း သိရပါသည်။ ထိုပို့ကုန်-သွင်းကုန်ကိန်းဂဏန်းများအရ ဗီယက်နမ်သည် ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၁၆.၈၂ ဘီလီယံတန်ဖိုးရှိကြောင်း သိရပါသည်။ ဝန်ဆောင် မှုကဏ္ဍတင်ပို့မှုနှင့် တင်သွင်းမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၁.၉၉ ဘီလီယံနှင့် အမေရိကန် ဒေါ်လာ ၃၀.၂၉ ဘီလီယံအသီးသီးရှိခဲ့ပြီး ကုန်သွယ်ရေးလိုငွေ စံချိန်တင် အမေရိကန်ဒေါ်လာ ၈.၃ ဘီလီယံပြခဲ့ကြောင်း သိရပါသည်။ DOCA (ရန်ကုန်)