မြိတ်မြို့အတွက် စားအုန်းဆီ ပေပါ များရောက်ရှိ

Powered by Drupal

    တနင်္သာရီတိုင်းဒေသ ကြီး၊ မြိတ်မြို့ရှိ မြိတ်ဆီကိုယ်စားလှယ်သို့ ရန်ကုန်မြို့ရှိ  Global Good Pure Group ကုမ္ပဏီ မှ (၃၀.၉.၂၀၂၅)ရက်နေ့တွင် ထုတ်ယူခဲ့သော ယာဉ်အမှတ် 6C-5057 တွင် စားအုန်းဆီ ပေပါ (၂၄)နှင့် (၃.၁၀.၂၀၂၅)ရက်နေ့တွင် ထုတ်ယူခဲ့သော ယာဉ်အမှတ် 6L-9521 တွင် စားအုန်းဆီ ပေပါ (၄၈)၊ စုစုပေါင်း ပေပါ(၇၂)သည်လည်းကောင်း၊ Myanmar Oil Alliance ကုမ္ပဏီ မှ (၁.၁၀.၂၀၂၅) ရက်နေ့တွင် ထုတ်ယူခဲ့သော ယာဉ်အမှတ် 3R-9305 တွင် စားအုန်းဆီ ပေပါ (၄၇)နှင့် Yadanarbon Global Network Distribution ကုမ္ပဏီ မှ (၁.၁၀.၂၀၂၅) ရက်နေ့တွင် ထုတ်ယူခဲ့သော ယာဉ်အမှတ် 2F-2205 တွင် စားအုန်းဆီ ပေပါ (၃၇)တို့သည်လည်းကောင်း ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့၊ မွှန်းလွဲ (၁၂း၃၀) အချိန်တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်းသိရှိရပါသည်။

     အဆိုပါစားအုန်းဆီများကို မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ် ဆေးခဲ့ပြီး ၎င်းတို့ကို ရည်ညွှန်း‌စျေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေ ရောင်းချပေးသွား မည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ ပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည် ရောင်းချမည်ဖြစ် ကြောင်း ဆီကိုယ်စားလှယ်ထံမှ သိရှိရပါသည်။   

DOCA(တနင်္သာရီ)