
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၏ ဆန်လိုအပ်မှုအတွက် မြိတ်ခရိုင်ဆန်လုပ်ငန်း ရှင်များအသင်းသည် ဧရာဝတီတိုင်းဒေသကြီးမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ခွင့်ပြုဆန်များဖြစ် သော ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ (၂၅.၉.၂၀၂၅) ရက်နေ့တွင် သယ်ဆောင်လာသော MV စန္ဒီ(၁)ရေယာဉ်ဖြင့် ဆန်တန် (၃၅၀)၊ အိတ်ရေ (၇၀၀၀)နှင့် (၂၅.၉.၂၀၂၅) ရက်နေ့တွင် သယ်ဆောင်လာသော MS ပြည့်ဖြိုးအောင်(၉)ရေယာဉ်ဖြင့် ဆန်တန် (၁၄၀)၊ အိတ်ရေ (၂၈၀၀)၊ (၂၆.၉.၂၀၂၅) ရက်နေ့တွင် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်မှ သယ်ဆောင်လာသော MV သန်းတိုးအောင်ရေယာဉ်ဖြင့် ဆန်တန် (၂၀၀)၊ အိတ်ရေ (၄၀၀၀)၊ (၅.၁၀.၂၀၂၅) ရက်နေ့တွင် ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်မှ သယ်ဆောင်လာသော MV မြမြမွန်ရေယာဉ်ဖြင့် ဆန်တန် (၄၇၅)၊ အိတ်ရေ (၉၅၀၀)တို့သည် (၅.၁၀ .၂၀၂၅)ရက်နေ့တွင်လည်းကောင်း ၊ (၁၈.၉.၂၀၂၅) ရက်နေ့တွင် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်မှ သယ်ဆောင်လာသော MV ရွှေလမင်း (၃)ရေယာဉ်ဖြင့် ဆန်တန် (၉၀၀)၊ အိတ်ရေ (၁၈၀၀၀)သည် မြိတ်မြို့သို့ (၅.၁၀.၂၀၂၅) ရက်နေ့ တွင် သယ်ယူလာခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ဆန်အိတ်သယ်ယူလာသောရေယာဉ်သည် မြိတ်မြို့သို့ (၅.၁၀.၂၀၂၅)ရက်နေ့ တွင် ရောက်ရှိလာခဲ့သဖြင့် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်အကောက်ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ်ရေးဦးစီး ဌာန၊ မြိတ်ခရိုင်ရဲ တပ်ဖွဲ့တို့ပါဝင်သော အဖွဲ့များဖြင့် ကုန်စည်စီးဆင်းမှုမှန်ကန်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
