
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ဘူတာဈေး(ခေးနင်းဈေး)နှင့် မြို့မဈေးတွင် အသား၊ ငါး၊ အသီးအရွက်များ၊ ဒေသထွက်သီးနှံများကို ရောင်းချလျက်ရှိရာ ငရုတ်သီးခြောက်များကိုလည်း ပေါများစွာ ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။
ငရုတ်သီးခြောက်ဈေးနှုန်းများမှာ ငရုတ်သီးခြောက်အရှည်(အညှာပါ) တစ်ပိဿာလျှင် (၂၅၀၀၀) ကျပ်၊ ငရုတ်သီးခြောက်အရှည်(အညှာမပါ) တစ်ပိဿာလျှင် (၂၇၀၀၀) ကျပ်၊ ငရုတ်သီး ခြောက်အပု(အညှာပါ) တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ ငရုတ်သီးခြောက်အပု (အညှာမပါ) တစ်ပိဿာလျှင် (၂၃0၀၀) ကျပ် နှုန်းဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။ ငရုတ်သီးခြောက်ကို ရန်ကုန်၊ မန္တလေးနှင့် အောင်ပန်းမှ ယူ၍ရောင်းချကြကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)
