
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မြို့မဈေးတွင် အသီးအရွက်များ၊ ဒေသထွက် သီးနှံများအပြင် ငရုတ်သီးစိမ်းများကိုလည်း ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။
ငရုတ်သီးစိမ်းဈေးနှုန်းများမှာ ကချင်ငရုတ်သီး တစ်ပိဿာလျှင် (၇၀၀၀) ကျပ်မှ (၈၀၀၀)ကျပ်၊ ကုလားအော်သီး(ပင်နံသီး) တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်မှ (၁၃၀၀၀) ကျပ်အထိ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။ ငရူတ်သီးစိမ်းကို မြို့ထဲရှိရေခြံစိုက်ပျိုးရေးလုပ်ကိုင်သူ များနှင့် လားရှိုးမြို့အနီးနားရှိစိုက်ပျိုးရေးလုပ်ကိုင်သူများမှ လာရောက်ရောင်းချကြပြီး၊ တောင်ကြီး၊ အောင်ပန်းမှတစ်ဆင့်ယူ၍လည်း ရောင်းချကြကြောင်း သိရှိရသည်။
DOCA(ရှမ်း)
