
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့၊ (၉း၃၀) နာရီ အချိန်တွင် ရန်ကုန်မြို့မှ ထားဝယ်မြို့၊ ထူးထူးတိုးဆိပ်ကမ်းသို့ ရောက်ရှိဆိုက်ကပ်လာသော အမ်ဗွီ အောင်ချမ်းသာ - ၁၈ ရေယာဉ်ဖြင့် တင် ဆောင် လာသောဆန်တန်(၇၅၀)အား စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်နှင့် အကောက်ခွန်ဦးစီးဌာန၊ မြန့်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့တို့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်း အဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ပြီး အဆိုပါဆန်အိတ်များအား ထားဝယ်မြို့ပေါ်ရှိ ဆန်ဆိုင်များသို့ ခွဲဝေ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
