ရုံးချုပ်မှကျင်းပပြုလုပ်သော အခြေခံစားကုန်‌စျေးနှုန်းများတည်ငြိမ်ရေး၊ MyRO ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းအစည်းအဝေးအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တက်ရောက်ခြင်း

Powered by Drupal

     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ရုံးချုပ်မှကျင်းပ ပြုလုပ်သော အခြေခံစားကုန်စျေးနှုန်းများတည်ငြိမ်ရေး၊ စပါးဆန်စျေးကွက်‌စျေးနှုန်းနှင့်စီးဝင်စီးထွက် မှန်ကန်စေရေး၊ MyRO တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်း ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တက်ရောက်ခဲ့ပါသည်။

     အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြော ကြားခြင်း၊ ကုန်စျေးနှုန်းတည်ငြိမ်‌ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ အထွေထွေ ဆွေးနွေးခြင်းနှင့် ညွှန်ကြား‌ရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးပြီးမြောက်ခဲ့ပါသည်။

DOCA(တနင်္သာရီ)