
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဒေါ်စန်းစန်းဝေ(ဦးစီးမှူး)သည် တိုင်းဒေသကြီးအစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၆.၉.၂၀၂၅ ရက်နေ့တွင် “ရွှေနှင်းဆီ” အမှတ်တံဆိပ်ဖြင့် တိုဟူးကျိုပဲမှုန့်နှင့် ပဲကျက်မှုန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်၊ စက်ရုံဝန်ထမ်း များနှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းသိရှိ ရပါသည်။
ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှတာဝန်ရှိသူက လုပ်ငန်းရှင်၊ စက်ရုံဝန်ထမ်းများအား ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူ ကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်း အမှတ်အသားကို ပြည့်စုံစွာ ဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာ (သို့မဟုတ်) အခြား ဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)
