
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၌ MYRO မှတ်ပုံတင်ထားသည့် ဆန်သိုလှောင် ရုံများ၏ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းများအား လစဉ် လဆန်း(၁)ရက်နေ့မှ (၇)ရက် နေ့အတွင်း MyRO Website တွင် ဖြည့်သွင်းရန် ဆန် လုပ်ငန်းရှင်များအား ပခုက္ကူ ခရိုင်ဦးစီးမှူးရုံး အနေဖြင့် တွန်းအားပေး ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာလတွင် နည်းပညာအခက် အခဲရှိသော ဆန်လုပ်ငန်းရှင်များမှ ပခုက္ကူခရိုင်ဦးစီးမှူးရုံးသို့ လာရောက်၍ ဆန်လက်ကျန်များ ဖြည့်သွင်းခြင်းကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(မကွေး)
