၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း မကွေး/ ချောက်ခရိုင်၏ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေး/ ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် “ထုတ်ကုန်လုံခြုံ စိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း စျေးကွက်အတွင်းရှိ ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပြည့်စုံစွာ ပါဝင်ရမည့် အချက်အလက်များ၊ ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/ မရှိနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနက စားသုံးရန်မသင့်တားမြစ်ထားသော ကုန်စည်များ ရောင်းချမှုရှိ/ မရှိတို့ အား မိတ်ဖက်ဌာနများနှင့် ပူးပေါင်းပြီး လစဉ်ဆောင်ရွက်လျက်ရှိပါသည်။

           မကွေး/ ချောက်ခရိုင်အတွင်းရှိ မြို့နယ်များမှ ၂၀၂၅-ခုနှစ်၊ စက်တင်ဘာလအတွင်း စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများကို မြို့နယ်အလိုက်ဆောင်ရွက်မှုမှာ မကွေးမြို့နယ် (၁၁)ကြိမ်၊ နတ်မောက် မြို့နယ် (၁)ကြိမ်၊ တောင်တွင်းကြီးမြို့နယ် (၇)ကြိမ်၊ မြို့သစ်မြို့နယ် (၄)ကြိမ်၊ ချောက်မြို့နယ် (၇) ကြိမ်၊ ရေနံချောင်းမြို့နယ် (၆)ကြိမ်၊ စုစုပေါင်း (၃၆)ကြိမ် ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။ 

DOCA(မကွေး)