လွိုင်ကော်မြို့ပေါ်ရှိသောက်ရေသန့်စက်ရုံများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သစ္စာဖူး(ဦးစီးအရာရှိ)နှင့် ဝန်ထမ်း (၁)ဦးသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ( ၁၆ ) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော် မြို့ပေါ်ရှိ သောက်ရေသန့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော စိမ့်စမ်းမိုး၊ Guardian၊ TPP၊ LK Fresh စက်ရုံများ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏( /၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ၊ FDA ထောက်ခံချက်ရှိ/မရှိ၊ သတ်မှတ်PH ပမာဏ ကိုက်ညီ မှုရှိ/မရှိ၊ စည်ပင်လုပ်ငန်းလိုင်စင်ရှိ/မရှိတို့အား သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ကွင်း ဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် လွိုင်ကော်မြို့ပေါ်ရှိ သောက်ရေသန့်စက်ရုံများအနေဖြင့် သောက်ရေသန့်ဘူးများတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏( ၂/၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသည့် ကုန် အညွှန်းများအား ထည့်သွင်းဖော်ပြရန်၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက် ခွင့်ပြုမိန့်လိုင်စင်များ မဖြစ်မနေ လျှောက်ထားရန် အသိပညာပေးကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

DOCA (ကယား)