မြစ်ကြီနားမြို့၊ စက်မှုဇုံရပ်ကွက်ရှိ Lucky ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းမှ လုပ်သား(၂၀)ဦးအား အသိပညာပေး‌‌ဟောပြောခြင်း

Powered by Drupal

  စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရရှိစေရေးအတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင် ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်လျက် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး) သည် ၉.၁၀.၂၀၂၅ ရက်နေ့ ၁၃း၀၀ နာရီ အချိန်တွင် မြစ်ကြီးနားမြို့၊   စက်မှုဇုံရပ်ကွက်၊ (Lucky ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်း)မှလုပ်သား(၂၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ ဟောပြောရာတွင် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး) က စားသုံးသူကာကွယ်ရေးပဒေပါ စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် စားသုံးသူအခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ချက်၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိသော ကုန်စည်များ ကိုသာ ရွေးချယ်ဝယ်ယူစားသုံးကြရန်၊ Online Shopping များမှဝယ်ယူသုံးစွဲရာတွင် သတိပြု ဆောင်ရွက်သင့်သည့် အချက်များအကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက်လည်း တိုင်ကြားရန် CICC ရုံးခန်းများကို ဖွင့်လှစ်ထားရှိမှု၊ ဖြေရှင်းပေးနေမှုအခြေအနေများ ၊ Call Center  1535 သို့ တိုက်ရိုက် ခေါ်ဆိုမေးမြန်းတိုင်ကြားနိုင်ပါကြောင်း အသိပညာပေး ဟောပြောခဲ့ပါ သည်။

DOCA(ကချင်)