ရုရှားနိုင်ငံ သမ္မတ Vladimir Putin သည် အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်ရေးမညီမျှမှုအား ဖြေလျော့ရန် အစိုးရန်အား အမိန့်ပေးထုတ်ပြန်ခဲ့

Powered by Drupal

    ရုရှားနိုင်ငံသမ္မတ Vladimir Putin က ၎င်း၏ လာမည့် ဒီဇင်ဘာလ အစောပိုင်းတွင် အိန္ဒိယနိုင်ငံသို့ လာရောက်မည့် ခရီးစဥ်တွင် ၎င်း၏ မျှော်မှန်းချက်ကို ထုတ်ဖော်ပြခဲ့ပြီး New Delhi မှ ရေနံစိမ်းများ အများအပြား တင်သွင်းမှုကြောင့် အိန္ဒိယနှင့် ကုန်သွယ်‌ရေး မညီမျှမှုကို လျော့ချစေမည့် အစီအမံများကို ချမှတ်ဆောင်ရွက်ရန်အတွက် အစိုးရအား အမိန့်ချမှတ်ခဲ့ကြောင်း သိရပါ သည်။

     အောက်တိုဘာလ ၂ ရက်နေ့တွင် ရုရှားနိုင်ငံ တောင်ပိုင်း Sochi ၌ အိန္ဒိယအပါအဝင် နိုင်ငံပေါင်း ၁၄၀ မှ ပထဝီနိုင်ငံရေး ကျွမ်းကျင်သူများနှင့် ကျင်းပပြုလုပ်ခဲ့သည့် Valdi အပြည်ပြည် ဆိုင်ရာဆွေးနွေးပွဲတွင် Vladimir Putin က ရုရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ၎င်းတို့နှစ်နိုင်ငံ ကြား၌ တင်းမာမှုများ၊ ပြဿနာများမရှိခဲ့ကြောင်းနှင့် ပြဿနာများ ဖြစ်ပေါ်လာပါကလည်း ချက်ချင်းပင် ဖြေရှင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အထူးအလေးပေး ပြောကြားခဲ့ပါသည်။

Source: The Hindu Times                                                           

DOCA (ရန်ကုန်)