
ဥရောပသမဂ္ဂ-ဗီယက်နမ် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် (EVFTA) အသက်ဝင်ပြီးနောက် ဗီယက်နမ်သည် ပိုလန်ထံမှ လတ်ဆတ်သောဘလူးဘယ်ရီသီးများ တရားဝင်တင်သွင်းရန် လိုင်စင်ရရှိခဲ့ပြီး နှစ်နိုင်ငံကြားစိုက်ပျိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု တွင် မှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့ကြောင်း သိရပါသည်။ ပိုလန်ရှိဗီယက်နမ်ကုန်သွယ်ရေးရုံး၏အဆိုအရ ဗီယက်နမ်နှင့် ပိုလန်အစိုးရသည် ပိုမိုမျှတသောကုန်သွယ်ရေးဆက်ဆံမှုရရှိရန် စီမံချက်များ ချမှတ်ခဲ့ကြောင်း သိရပါသည်။ စီမံချက်များထဲမှ တစ်ခုသည် ပြည်တွင်းထုတ်လုပ်မှု ကိုတိုက် ရိုက်မယှဉ် ပြိုင်နိုင်သည့် စက်ပစ္စည်းများ၊ တပ်ဆင်ပစ္စည်းများကို တင်သွင်းမှုတိုးချဲ့ရန်ဖြစ်ကြောင်း သိရပါသည်။ ထိုမဟာဗျူဟာအရ ပိုလန်ရှိဗီယက်နမ်သံရုံးသည် ပိုလန်၏အရည်အသွေးမြင့် စိုက်ပျိုးရေး ထုတ်ကုန်များကို ဗီယက်နမ်စားသုံးသူများအတွက်တင်သွင်းရာတွင် လွယ်ကူချောမွေ့ စေရေး အတွက် နှစ်နိုင်ငံစလုံးမှစိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရပါသည်။ ၎င်းသည်အပြန်အလှန်ကုန်သွယ်ရေးဆက်နွယ်မှုအားကောင်းစေရုံသာမက ဗီယက်နမ် စားသုံးသူများအား ကျယ်ပြန့်သောသမပိုင်းဇုန်သစ်သီးများစားသုံးနိုင်ရန်နှင့် ပြည်တွင်း စားသုံးသူ များအကျိုးကျေးဇူးရရှိရန်အတွက် ပြည်ပရောင်းချသူများအကြား ယှဉ်ပြိုင်နိုင်စွမ်း အရှိန်မြှင့်တင် ပေးနိုင်ကြောင်း သိရပါသည်။ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တွင် အသားတင်သွင်း ရန်လိုင်စင်ရရှိပြီး နောက် ဗီယက်နမ်စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့သည် ပိုလန်ဘလူးဘယ်ရီစိုက်ခင်းများနှင့် ပြုပြင်ထုတ်လုပ်သည့်လုပ်ငန်းများ အား စစ်ဆေးခဲ့ကြောင်း သိရပါသည်။ ကုန်သွယ်ရေးရုံးကဘလူးဘယ်ရီများ သည် ၎င်းတို့၏ ကောင်းမွန်သည့် အနံ့အရသာ၊ ဗီတာမင်ပါဝင်မှုမြင့်မားခြင်း၊ အရွယ်တင်နုပျိုခြင်းနှင့် ကယ်လိုရီပါဝင်မှုနည်းပါးခြင်း တို့ကြောင့် ဗီယက်နမ်တွင် လူကြိုက်များကျော်ကြားကြောင်း ပြောကြားခဲ့ပါသည်။ လတ်တလော တွင် ရောင်းချမှုအကန့်အသတ်ရှိခြင်းနှင့် မြင့်မားသည့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်တို့ ကြောင့် လတ်ဆတ်သောဘလူးဘယ်ရီသီးများသည် ဗီယက်နမ်တွင် တစ်ကီလိုဂရမ်လျှင် အမေရိ ကန်ဒေါ်လာ ၄၀ မှ ၆၀ ကြားဈေးနှုန်းရှိကြောင်း သိရပါသည်။ ပိုလန်ဘလူးဘယ်ရီသီးများဝင် ရောက်လာမှုသည် ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရန်၊ ရွေးချယ်မှုများပြားရန်နှင့် ထိုကျန်းမာရေးအရ သင့်လျော်သောသစ်သီးကို ဗီယက်နမ် စားသုံးသူများပိုမိုစားသုံးနိုင်ရန် မျှော်မှန်းရကြောင်း သိရပါ သည်။
Vietnam Plus
DOCA (ရန်ကုန်)
