
ချီလီနိုင်ငံတွင် ကျင်းပခဲ့သည့် နိုင်ငံတကာအစားအစာနှင့်ဝန်ဆောင်မှုပြပွဲအတွင်း ချီလီ လုပ်ငန်း ၆၀ ကျော်သည် ဗီယက်နမ်ထုတ်ကုန်များ အထူးသဖြင့် ဆန်၊ သစ်သီးခြောက်၊ ကော်ဖီ၊ အေးခဲထားသောပင်လယ်စာနှင့် အသင့်စားအစားအစာများကို တင်သွင်းရန် စိတ်ဝင်စားမှုပြသခဲ့ကြောင်း သိရပါသည်။ စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၂ ရက်နေ့ထိကျင်းပခဲ့ သည့် ထိုပွဲတော်သည် သွင်းကုန်လုပ်ငန်းရှင်များ၊ ဖြန့်ဖြူးသူများ၊ ဟိုတယ်နှင့် စားသောက်ဆိုင်များ မှ ကိုယ်စားလှယ်များနှင့် တောင်အမေရိကအစားအစာနှင့် အဖျော်ယမကာလုပ်ငန်းနယ်ပယ်မှ ကျွမ်းကျင်သူများကို ဆွဲဆောင်နိုင်ခဲ့ကြောင်း သိရပါသည်။ အကျယ် ၃၄၄၄၂ စတုရန်းမီတာနှင့် ပြခန်းပေါင်း ၁၄၀၀ ကျော်ပါဝင်သည့် ထိုပွဲတော်တွင် ထောင်ပေါင်းများစွာသောလုပ်ငန်းများက ထုတ်ကုန်များ၊ ပြုပြင်ထုတ်လုပ်သည့်နည်းပညာများနှင့် ထုတ်ပိုးမှုများကို ပြသခဲ့ကြပြီး B2B ချိတ်ဆက်ခြင်းနှင့် ဆွေးနွေးပွဲများကျင်းပခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်သည်လည်း ပြည်တွင်းလုပ်ငန်း ၅၀ ပတ်လည်က နိုင်ငံထွက်ထုတ်ကုန်များဖြင့် ခင်းကျင်းပြသခဲ့ကြောင်း သိရပါ သည်။ ပြသခဲ့သည့်ကုန်စည်များတွင် ဆန်၊ ကော်ဖီ၊ သစ်သီးခြောက်၊ သစ်သီးဖျော်ရည်၊ ဟင်းခတ် အမွှေးအကြိုင်များ၊ အသင့်စားအစားအစာများ၊ လက်မှုပစ္စည်းများ၊ မီးဖိုချောင် သုံးပစ္စည်းများပါဝင်ကြောင်း သိရပါသည်။ ချီလီနိုင်ငံအမျိုးသားအကောက်ခွန် ဝန်ဆောင်မှုထံမှ အချက်အလက်များအရ ၂၀၂၅ ခုနှစ်၏ ပထမ ၈ လတွင်နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁.၂၂ ဘီလီယံရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့် ကာလနှင့်နှိုင်းယှဉ်ပါက ၂၂.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ချီလီက ဗီယက်နမ်ထံမှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်တန်ဖိုး တင်သွင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၀၄ သန်းတန်ဖိုးတင်ပို့ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်သည် လတ်တလောတွင် ချီလီ၏ ၁၂ ခုမြောက်အကြီးမားဆုံးသွင်းကုန် ဈေးကွက်ဖြစ်ကြောင်း သိရပါသည်။ ဗီယက်နမ်၏အဓိက ပို့ကုန်များတွင် စက်ပစ္စည်းများ၊ ဖုန်းများ၊ ဖိနပ်၊ ကွန်ပြူတာများ၊ အဝတ်အထည်နှင့် ဆန်တို့ပါဝင် ကြောင်း သိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)
