“ ကော့မှူးမြို့နယ်၌အခြေခံစးသောက်ကုန်ဖြစ်သည့်ကြက်ဥ၊ ဘဲဥများ ဖြန့်ဖြူးရောင်းချနေမှု အခြေအနေကွင်းဆင်းစစ်ဆေး ”

Powered by Drupal

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ကြက်ဥ၊ ဘဲဥ လက်လီလက်ကား အရောင်းဆိုင်များသို့ အောက်တိုဘာလ(၂)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကြက်ဥ၊ ဘဲဥ ဈေးကွက်စောင့်ကြည့် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့်ဝန်ထမ်းများ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဌာနခွဲစာရေး ဒေါ်သဲစုရီနှင့်ဝန်ထမ်း များ ပူးပေါင်းအဖွဲ့ဖြင့် မြို့နယ်စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ ဒေါ်ချို၊ ဒေါ်စုကြည်၊ ဒေါ်မိုးခိုင်၊ ဒေါ်သန္တာအေး ကြက်ဥ၊ ဘဲဥ လက်လီလက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အခြေခံစားသောက်ကုန်ပစ္စည်း ကြက်ဥ၊ ဘဲဥ ဈေးနှုန်းများ အဆမတန်မြှင့်တင်ရောင်းချခြင်းများ မရှိစေရေးရခြင်းဖြစ်ကြောင်း စားသုံးသူ ပြည်သူများ အနေဖြင့်လည်း ကြက်ဥ၊ ဘဲဥများ လက်လီလက်ကား အလွယ်တကူ ဈေးနှုန်းမှန်ကန် စွာဖြင့် ဝယ်ယူရရှိနိုင်စေရေးတို့အတွက် ပြန်လည်ဖြန့်ဖြူးရောင်းချပေးကြရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ကြက်ဥ၊ ဘဲဥများ လက်လီလက်ကားဈေးနှုန်းတို့အား စာရင်းကောက်ယူ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)