
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း အသုံးပြုလျက်ရှိသည့် Gasifier ဆန်စက်များအား ၂-၁၀-၂၀၂၅ ရက်နေ့ ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံညွှန်ကြားမှုဖြင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စာသုံးသူရေးရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတိုမှ ပူးပေါင်း၍ ညောင်တုန်းမြို့နယ် အတွင်း အသုံးပြုလျက်ရှိသည့် Gasifier ဆန်စက် ၃၆ စက်မှ ရွှေပြည်ကျော်ဆန်စက် ကွင်းကလေးကျေးရွာ၊ မဟာဆန်စက် ကွင်းကလေးကျေးရွာ၊ တော်ဝင်ဆန်စက် စက္ကော့ကျေးရွာ၊ ဇာမဏီဆန်စက် လက်ပံချောင်ကျေးရွာရှိ ဆန်စက်တို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ Gasifier အသုံးပြု၍လည်ပတ်နေသည့် ဆန်စက်များအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေးအထူးအလေးထားဆောင်ရွက်ရန်၊ Gasifier စနစ်မှထွက်ရှိသည့် ရေဆိုးများကို ရေစစ်ကန်စနစ်ဖြင့် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပိုမိုကောင်းမွန်သည့် ရေသန့်စင်စနစ်များ အသုံးပြုစေရေး စစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)
