သာကေတမြို့နယ် အတွင်းရှိ စားအုန်းဆီဆိုင်အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦး စီးမှူး)နှင့်ဝန်ထမ်းများသည်  အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်ဆီကုန်သည်များအသင်း၊ ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့်အတူ ပူးပေါင်း၍ (၁-၉-၂၀၂၅) ရက်နေ့ ၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် သာကေတမြို့နယ်အတွင်းရှိ စားအုန်းဆီ ရောင်းချနေသော အရောင်းဆိုင်များအား သွားရောက်၍ စားအုန်းဆီရောင်းချမှု အခြေအနေအား စစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)က မြို့နယ်အတွင်း ရရှိသော ဆီခွဲတမ်းများကို ရပ်ကွက်များရှိအိမ်ထောင်စုအလိုက် စာအုပ်စနစ်ဖြင့် စားအုန်းဆီ ရောင်းချပေးနေမှု အခြေအနေများနှင့် စားသုံးသူပြည်များ အခက်အခဲမရှိ လက်ဝယ်ရောက်ရှိ အောင် ဝယ်ယူစားသုံးနိုင်ရေးနှင့် သတ်မှတ်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးကြရန်၊ သိုလှောင် ထားခြင်းများ မပြုလုပ်ကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)