စားသုံးဆီလက်လီဆိုင်များမှ ဆီစာအုပ်ဖြင့်ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

      ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးတို့ ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက်နေ့ နံနက်(၁၀ : ၀၀)အချိန်တွင် ဖျာပုံမြို့နယ် မြို့မဈေးကြီးအတွင်းရှိ ဆီရောင်းချသူ လက်လီဆိုင်များမှသတ်မှတ်ချက်နှင့်အညီ ဆီရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

         အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီများကို ပြည်သူလက်ဝယ် အမှန်တကယ် ရောက်ရှိစေရေး၊ ဆီရောင်းချသူလုပ်ငန်းရှင်များအား ဒုခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်က စီးပွားရေးကျင့်ဝတ်နှင့်အညီ   မျှတစွာရောင်းချစေရန်နှင့်အလေးချိန်မှန်၊ ဈေးနှုန်းမှန်စွာရောင်းချစေရေး၊  ဆီစာအုပ်များကို ပျောက်ဆုံးခြင်း၊ စုတ်ပြဲခြင်းများ ဖြစ်ပေါ်လာပါကမှန်ကန်ကြောင်း ရပ်ကွက် ထောက်ခံစာဖြင့် ထပ်မံထုတ်ယူနိုင်သည်ကို ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)