
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ်ရှိ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးမိုးမင်းသန်းသည် (၃၀.၉.၂၀၂၅)နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့နယ် ပန်းပဲစုကျေးရွာနှင့် ဘုံလုံချောင်းကျေးရွာသို့ မိုးစပါး (ကောက်စောစပါး) ပေါ်ထွက်နေမှုအား ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပန်းပဲစုကျေးရွာရှိ ဦးတင်လှပိုင်ဆိုင်သော ကွင်းအမှတ်(၁၂၀ AA) တွင် Gw-11 စပါးအမျိုးအစားမှာ ပေါင်(၅၀) တိုက် တင်း(၁၀၀) အစိုဓာတ် (၃၈/၄၀) ဖြစ်ပြီး စပါးဈေးနှုန်း (၁၀) သိန်းဖြင့် ရောင်းချရကြောင်းနှင့် ဘုံလုံချောင်းကျေးရွာရှိ ဦးတင်လှိုင် ပိုင်ဆိုင်သော ကွင်းအမှတ်(၁၂၆) ရှိသော လယ်မြေတွင် ရက်(၁၀၀) မုန်းသီတာ စိုက်ပျိုးရေး မျိုးစပါး စိုက်ပျိုးကြောင်း မျိုးသီးသန့် တစ်တင်းလျှင် (၂၅၀၀၀) ကျပ်ဖြင့် ဝယ်ယူ စိုက်ပျိုးရကြောင်း ကောက်စောစပါး ပေါ်ထွက်နေမှု အခြေအနေများအား သတင်းရရှိခဲ့ပါသည်။
(Doca ဧရာဝတီ)
