
ကင်ညာနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၅ ခုနှစ် ဒုတိယ သုံးလပတ်တွင် ၅.၀ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလက ၄.၆ ရာခိုင်းနှုန်းမှ တိုးတက်လာကြောင်း ကင်ညာ အမျိုးသားစာရင်းအင်းဌာန (KNBS) က စက်တင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။
ထိုသို့ တိုးတက်မှုသည် သယ်ယူပို့ဆောင်ရေးနှင့် သိုလှောင်ရေး၊ လျှပ်စစ်နှင့် ရေပေးဝေ ရေး၊ ဘဏ္ဍာရေးနှင့် အာမခံလုပ်ငန်းများ၏ စွမ်းဆောင်ရည်မြင့်တက်မှုကြောင့် ဖြစ်ကြောင်း KNBS ကပြောကြားခဲ့ပါသည်။
သယ်ယူပို့ဆောင်ရေးနှင့် သိုလှောင်ရေးကဏ္ဍသည် ယခင်နှစ်က ၃.၄ ရာခိုင်နှုန်းနှင့်နှိုင်းယှဉ် ပါက ၅.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ကုန်းလမ်းသယ်ယူပို့ဆောင်ရေး၊ မီးရထားပြေးဆွဲမှုနှင့် ဆိပ်ကမ်း ကုန်စည်စီးဆင်းမှု တိုးတက်လာမှုတို့က အထောက်အပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ လျှပ်စစ်နှင့် ရေပေးဝေမှုသည် ၁.၂ ရာခိုင်နှုန်းမှ ၅.၇ ရာခိုင်နှုန်သို့ တိုးတက်ခဲ့ပါသည်။ ဘဏ္ဍာရေး နှင့် အာမခံလုပ်ငန်းများသည် ၉.၆ ရာခိုင်နှုန်း တိုးတက်ခဲ့သော်လည်း ၂၀၂၄ ခုနှစ်မှတ်တမ်း တင်ခဲ့ သည့် ၈.၀ ရာခိုင်နှုန်းထက် တိုးတက်မှု နှေးကွေးသွားခဲ့သည်။
ကုန်ထုတ်လုပ်မှု လုပ်ငန်းများသည် ယခုသုံးလပတ်တွင် ၁.၀ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ပြီး ယခင်နှစ် ၃.၂ ရာခိုင်နှုန်းထက် ကျဆင်းခဲ့သည်။၄င်းကျဆင်းမှုသည် အစားအစာ၊ အဖျော်ယမကာ နှင့် အထည်အလိပ်ထုတ်လုပ်မှု ကျဆင်းခြင်းတို့ကြောင့်ဖြစ်ကြောင်း KNBS က ထုတ်ပြန်ထားပါ သည်။
သုံးလပတ်အတွင်း ပျှမ်းမျှငွေကြေးဖောင်းပွမှု လျော့ကျခဲ့ကြောင်း၊ အဓိကအားဖြင့် စားသောက်ကုန်နှင့် အဖျော်ရည်ဈေးနှုန်းများ လျော့ကျခဲ့ခြင်းကြောင့် စီးပွားရေးတိုးတက်မှု အတွက် အထောက်အကူပြုခဲ့ကြောင်း KNBS က ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။
Source : Xinhua
DOCA (ရန်ကုန်)
