ထိုင်းနိုင်ငံ၏ စီးပွားရေးသည် ထုတ်လုပ်မှု ကျဆင်းလာခြင်းကြောင့် သြဂုတ်လတွင် အားနည်းလာခဲ့

Powered by Drupal

     ထိုင်းနိုင်ငံ၏ စီးပွားရေးသည် ကုန်သွယ်ရေးနှင့် ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုများ အပေါ် မှီခိုနေရသော စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများအားနည်းလာခြင်းကြောင့် သြဂုတ်လ တွင် ကျဆင်းလာခဲ့ကြောင်း စက်တင်ဘာလ ၃၀ ရက်နေ့တွင် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

          ထိုင်းဘဏ်၏ ပြောကြားချက်အရ ထုတ်လုပ်မှုလုပ်ငန်း ကျဆင်းနေပြီး မော်တော်ကား၊ အစား အသောက်နှင့် အဖျော်ယမကာ လုပ်ငန်းများတွင် ဝယ်လိုအားကျဆင်းခြင်း၊ ကုန်စည် လက်ကျန်များ မြင့်တက်လာခြင်း၊ စက်ရုံများပြင်ဆင်ခြင်းနှင့် နေရာရွေ့ပြောင်းခြင်း တို့အတွက် စက်ရုံများ ယာယီ ပိတ်ထားကြောင်း သိရှိရပါသည်။

          ပုဂ္ဂလိကစားသုံးမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများသည် တည်ငြိမ်နေသော်လည်း  အီလက်ထရွန်နစ်ပစ္စည်းများထုတ်လုပ်မှုသည် ယခင်လများတွင်အားကောင်းခဲ့ပြီးနောက် ကျဆင်း သွားကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

          ပြည်တွင်း၊ ပြည်ပ ခရီးသွားများထံမှ ဝင်ငွေပိုမိုရရှိခဲ့ခြင်းကြောင့် ခရီးသွားလုပ်ငန်း တိုးတက် လာခဲ့ပါသည်။ ထိုင်းနိုင်ငံသည် ပို့ကုန်များ နှေးကွေးသွားမည်ဖြစ်ပြီး အမေရိကန်၏ အကောက် ခွန်များကြောင့်  စက်မှုလုပ်ငန်းများအပေါ် ဖိအားများ တိုးလာစေမည်ဖြစ်ကြောင်း Chayawadee က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

Source : Xinhua                                                                                

 DOCA (ရန်ကုန်)