ဩဂုတ်လတွင် ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၅.၄၉ ဘီလီယံရရှိခဲ့သည့် အင်ဒိုနီးရှား

Powered by Drupal

        Bank Indonesia (BI) က ဩဂုတ်လတွင် နိုင်ငံ၏ ကုန်သွယ်ရေးပိုငွေရရှိမှုကြီးထွားလာ ခြင်းသည် အင်ဒိုနီးရှား၏စီးပွားရေးကြံကြံခံနိုင်မှုဆက်လက်အားကောင်းစေမည့် အပေါင်းလက္ခ ဏာဆောင်သော ဖွံ့ဖြိုးတိုးတက်မှုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Statistics Indonesia (BPS) က ထုတ်ပြန်သည့်အချက်အလက်အရ ဩဂုတ်လတွင် နိုင်ငံသည် စံချိန်တင်ကုန်သွယ်‌ရေး ပိုငွေ အမေရိကန်ဒေါ်လာ ၅.၄၉ ဘီလီယံ ရရှိခဲ့ကြောင်း သိရပါသည်။ BI ၏ ဆက်သွယ်ရေးဌာန ၏ အမှုဆောင်ဒါရိုက်တာ Ramdan Denny Prakoso ကရှေ့ဆက်၍လည်း BI သည် ကြံကြံခံနိုင် စွမ်း မြှင့်တင်ရန်နှင့် နိုင်ငံတော်စဉ်ဆက်မပြတ်စီးပွားရေးကြီးထွားမှုကိုပံ့ပိုးပေးနိုင်ရန်အတွက် အစိုးရနှင့် အခြားအာဏာပိုင်များနှင့်အတူ မူဝါဒပူးပေါင်းဆောင်ရွက်မှု အားကောင်းရန် ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ပါသည်။ BPS ကကုန်သွယ်ရေးပိုငွေ ရရှိမှု မြင့်တက်လာခြင်းသည် ရေနံနှင့် ဂတ်စ်မဟုတ်သည့်ကဏ္ဍကြီးထွားလာမှုကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဩဂုတ်လတွင်ရေနံနှင့် ဂတ်စ်မဟုတ်သည့်ကဏ္ဍသည် ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၇.၁၅ ဘီလီယံရရှိခဲ့ပြီး ထိုလတွင် ရေနံနှင့်ဂတ်စ်မဟုတ်သည့် ကဏ္ဍတင်ပို့မှု မှာ အမေရိကန်ဒေါ်လာ ၂၃.၈၉ ဘီလီယံထိရောက်ရှိခဲ့ကြောင်း သိရပါသည်။ ရေနံနှင့်ဂတ်စ် မဟုတ်သည့်ကဏ္ဍတင်ပို့မှု အားကောင်းခြင်းမှာ တိရိစ္ဆာန်နှင့် ဟင်းသီးဟင်းရွက်အဆီများနှင့် ဆီများ၊ မော်တော်ကားနှင့် မော်တော်ကားအစိတ်အပိုင်းများကဲ့သို့သော ကုန်ထုတ်ပစ္စည်းများ တင်ပို့မှုအားကောင်းခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။ တရုတ်၊ အမေရိကန်နှင့် အိန္ဒိယတို့ သည် အင်ဒိုနီးရှား၏ ရေနံနှင့်ဂတ်စ် မဟုတ်သည့်ထုတ်ကုန်များတင်ပို့မှုတွင် ထိပ်ဆုံးကဦးဆောင် နေကြောင်း သိရပါသည်။ တစ်ချိန် တည်းမှာပင် ရေနံနှင့်ဂတ်စ်တင်သွင်းမှုမှာ တင်ပို့မှုထက် သိသာစွာမြင့်တက်ခဲ့သောကြောင့် ကုန်သွယ်ရေးလိုငွေပြမှုသည် အမေရိကန်ဒေါ်လာ ၁.၆၆ ဘီလီယံ ထိရောက်ရှိခဲ့ကြောင်း သိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

                                                                                                မြသူ