ကနေဒါ၊ ဥရောပသမဂ္ဂတို့နှင့် CEPA သည် အင်ဒိုနီးရှား၏ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးကို အားကောင်းစေကြောင်း ဝန်ကြီးပြောကြား

Powered by Drupal

     အင်ဒိုနီးရှားနိုင်ငံ ကုန်သွယ်ရေးဝန်ကြီး Budi Santoso က ကနေဒါ၊ ဥရောပသမဂ္ဂတို့နှင့် လက်မှတ်ရေးထိုးခဲ့သည့် ဘက်ပေါင်းစုံစီးပွားရေးမိတ်ဖက်သဘောတူညီချက် (CEPA) သည် ကမ္ဘာ လုံးဆိုင်ရာဈေးကွက်တွင် အင်ဒိုနီးရှား၏ကုန်သွယ်ရေးတည်ရှိမှုကို အားကောင်းစေရန် အားထုတ် မှု၏ အစဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ IEU-CEPA (အင်ဒိုနီးရှား-ဥရောပသမဂ္ဂ) ပြီးမြောက်မှု နှင့် ICA-CEPA (အင်ဒိုနီးရှား-ကနေဒါ) လက်မှတ်ရေးထိုးခြင်းသည် လတ်တလောပထဝီနိုင်ငံရေး နှင့် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးဝန်းကျင် တင်းမာမှုများကြားတွင် နိုင်ငံ၏ကုန်သွယ်ရေးတည်ရှိ မှုကို အားကောင်းစေနိုင်ကြောင်း စက်တင်ဘာလ ၂၉ ရက်နေ့ ကကျင်းပခဲ့သည့် ICA-CEPA နှင့် IEU-CEPA မဟာဗျူဟာဖိုရမ်တွင် ပြောကြားခဲ့ပါသည်။၂၀၂၄ ခုနှစ်တွင် အင်ဒိုနီးရှား၏ ကနေဒါသို့ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံတန်ဖိုးရှိပြီး ဥရောပသမဂ္ဂသို့တင်ပို့မှုမှာ အမေရိကန် ဒေါ်လာ ၃၀ ဘီလီယံရှိကြောင်း သိရပါသည်။ ထိုစီးပွားရေးသဘောတူညီချက်များသည် ကနေဒါ နှင့် ဥရောပသမဂ္ဂသို့ အင်ဒိုနီးရှား၏ တင်ပို့မှု မြင့်တက်ရန် မျှော်မှန်းရကြောင်း သိရပါသည်။ ဝန်ကြီး က ICA-CEPA သည် မြောက်အမေရိက ဒေသသို့ အင်ဒိုနီးရှား၏ဈေးကွက်ဝင်ရောက်မှုကို တံခါး ဖွင့်လှစ်ပေးနိုင်မည်ဟု အကောင်းမြင် သုံးသပ်လျှက်ရှိကြောင်း သိရပါသည်။ ICA-CEPA ကို ကနေဒါ နိုင်ငံတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး အလားအလာ ရှိသော အင်ဒိုနီးရှား ပို့ကုန်များတွင် အဝတ်အထည်များ၊ ဖိနပ်၊ ပရိဘောဂ၊ ပြုပြင်ထားသောအစားအစာများ၊ အီလတ်ထရောနစ်ပစ္စည်းများ၊ မော်တော်ကားဆိုင်ရာအီလတ်ထရောနစ်ပစ္စည်းများနှင့် ငှက်သိုက် တို့ဖြစ်ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် IEU-CEPA ကို ဘာလီတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့ကလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး သဘောတူညီချက်သည် ကုန်စည် နှင့် ဝန်ဆောင်မှုများကုန်သွယ်ရေးနှင့် အင်ဒိုနီးရှားနှင့် ဥရောပသမဂ္ဂကြား ရင်းနှီးမြှုပ်နှံမှုတို့ အပေါ်လွှမ်းခြုံထားကြောင်း သိရပါသည်။ Santoso က ၎င်း၏အဖွဲ့သည် သဘောတူညီချက် အကောင်အထည်ပေါ်ပေါက်ပြီးနောက် လာမည့် ၅ နှစ်အတွင်း ဥရောပသမဂ္ဂသို့ အင်ဒိုနီးရှား၏ တင်ပို့မှု ၂.၅ ရာခိုင်နှုန်းမြင့်တက်ရန် ရည်မှန်းထားကြောင်း သိရပါသည်။ ထိုပို့ကုန်များတွင် စားအုန်းဆီ၊ ကော်ဖီ၊ အဝတ်အထည်၊ ငါးလုပ်ငန်း၊ အီလတ်ထရောနစ်ပစ္စည်းများ၊ ဖိနပ်၊ သစ်တော ထုတ်ကုန်များနှင့် ပရိဘောဂတို့ပါဝင်ကြောင်း သိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)