Hai Phong မြို့တော်ရှိ အဓိကစီမံကိန်း ၂ ခု၏ ပဏ္ဍပ်ချပွဲအခမ်းအနားကို တက်ရောက်ခဲ့သည့် ဝန်ကြီးချုပ်

Powered by Drupal

    ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် Pham Minh သည် မြောက်ပိုင်းဆိပ်ကမ်းမြို့တော် Hai Phong မြို့တော်ရှိ Tan Trao စက်မှုဥယာဉ် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း( ပထမ အဆင့်) နှင့် Hai Phong LNG စွမ်းအင်သုံးစက်ရုံတို့၏ ပဏ္ဍပ်ချပွဲအခမ်းအနားကို စက်တင်ဘာလ ၂၆ ရက်နေ့ကတက်ရောက်ခဲ့ကြောင်း သိရပါသည်။ Minh က စီမံကိန်းများသည် ဗီယက်နမ်၏ စီးပွားရေးပြန်လည်ဖွဲ့စည်းရန် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာနှင့် လျှင်မြန်ပြီး စဉ်ဆက် မပြတ်တိုးတက်မှုမော်ဒယ်ကို ပြန်လည်စတင်မှုနှင့် ချိန်ညှိလျှက်ပေါ်ထွက် လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Tan Trao စက်မှုဥယာဉ်သည် နည်းပညာမြင့် စီမံကိန်း များကို ဆွဲဆောင်နိုင် စွမ်းရှိမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူများအနေဖြင့် နည်းပညာလွှဲပြောင်းမှု၊ လုပ်သားထု လေ့ကျင့်မှုနှင့် စီမံခန့်ခွဲမှုအလေ့အထများဝေမျှရန် လိုအပ်ကြောင်းသိရပါသည်။ ဝန်ကြီးချုပ်က ဝန်ကြီးများနှင့် အေဂျင်စီများအား Hai Phong နှင့် ရင်းနှီးမြှုပ်နှံသူများအား ပံ့ပိုးရန်အတွက် ဥပဒေလုပ်ငန်းစဉ်များ လျှင်မြန်စွာဆောင်ရွက်ရန် တောင်းဆိုခဲ့ပြီး မြို့တော်သည် လည်းစီမံကိန်းများ အချိန်မီပြီးမြောက် ရန်အတွက် လိုအပ်သောအခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရန်နှင့် အုပ်ချုပ်မှုလုပ်ငန်းစဉ်များ လျှင်မြန်စွာဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ Vinhomes Hai Phong Industrial Zone Investment JSC က တည်ထောင်မည့် Tan Trao စက်မှုဥယာဉ်သည် ပထမ အဆင့်တွင် ၂၂၇ ဟတ်တာအကျယ်အဝန်းရှိပြီး ရင်းနှီးမြှုပ် နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၅၃.၈ သန်းရှိ ကြောင်း သိရပါသည်။ ပြီးမြောက်ပါက လျှပ်စစ်နှင့် အီလတ်ထရောနစ်ကုန်ထုတ်လုပ်မှု၊ တယ်လီကွန်များ၊ ဆေးဝါးများ၊ သန့်စင်ပြီးပြည့်ဖြိုးမြဲ စွမ်းအင်တို့ပါဝင်သည့် အဆင့်မြင့်စက်မှု လုပ်ငန်းများကို ဆွဲဆောင်နိုင်ကြောင်း သိရပါသည်။ Vingroup JSC နှင့် VinEnergo Energy JSC တို့ပူးတွဲတည်ထောင်မည့် Hai Phong LNG စွမ်းအင်သုံးစက်ရုံသည် Tan Trao စက်မှုဥယာဉ်တွင် တည်ရှိပြီး ၁၀၀ ဟတ်တာအကျယ်အဝန်း ရှိကာ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန် ဒေါ်လာ ၆.၇၄ ဘီလီယံတန်ဖိုးရှိကြောင်း သိရပါသည်။ ပထမအဆင့်တွင် ၁၆၀၀ မက်ဂါဝပ်နှင့် ဒုတိယအဆင့်တွင် ၃၂၀၀ မက်ဂါဝပ်ပါဝင်ပြီး စုစုပေါင်း ၄၈၀၀ မက်ဂါဝပ်စွမ်းအင်ထုတ်လုပ်နိုင် သည့်ထို စက်ရုံသည် ၂၀၃၀ ခုနှစ်နောက်ပိုင်း တွင် စတင်လည်ပတ်မည်ဖြစ်ကြောင်း သိရပါသည်။

Vietnam Plus                                                                             

DOCA (ရန်ကုန်)