တာမွေမြို့နယ်၊ ကျောင်းမြောင်း (အရှေ့)ရပ်ကွက်နှင့် (အထက်)ရပ်ကွက်၊ စားအုန်းဆီ ရောင်းချမှုမြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      ၂၆.၉.၂၀၂၅ ရက်နေ့၊ နေ့လယ် (၁၄း၀၀)နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်၊ အရှေ့ပိုင်း ခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်နှင့် ဝန်ထမ်းများက ဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချ သည့်ကုမ္မဏီမှ တာဝန်ရှိသူများ၊ လက်ကားကိုယ်စားလှယ်များ ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ စားအုန်းဆီဖြန့်ဖြူးသည့် အိမ်ထောင်စုများသို့ကွင်း ဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့စစ်ဆေးရာတွင် ဒုတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်က ဖြန့်ဖြူးသည့်ကုမ္မဏီ ၊ လက်လီကိုယ်စားလှယ်များက သတ်မှတ်ရည်ညွန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် အိမ်ထောင်စု များအား စားအုန်းဆီရရှိမှုအခြေအနေတို့ကို တာမွေမြို့နယ်၊ ကျောင်းမြောင်း (အရှေ့)ရပ်ကွက် နှင့် (အထက်)ရပ်ကွက်ရှိ အိမ်ထောင်စုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး  စားအုန်းဆီရရှိမှု ပိဿာတို့ကို သိုလှောင်ခြင်း/ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)