
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သာစည်မြို့နယ်တာဝန်ခံ ဒေါ်ဖြူဖြူထွန်းနှင့် မြို့နယ်အစားအသောက် နှင့် ဆေးဝါးကော်မတီဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ၂၄-၉-၂၀၂၅ရက်နေ့တွင် သာစည်မြို့နယ်၊ လှိုင်းတက်ကျေးရွာနှင့် ဘုရားငါးဆူ ကျေးရွာရှိ ကုန်စုံဆိုင် ၆ ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ရာ ၃ဆိုင်တွင်သာ Dumex Dupro ရောင်းချတွေ့ရှိရပြီး တစ်ဗူးလျှင် ၅၄၀၀၀/ကျပ် ရောင်းချကြောင်း၊ Unilever ကိုယ်စားလှယ် ဦးပြည့်ဖြိုးမောင်ထံမှ မှာယူရောင်းချကြောင်း၊ ကုန်ပစ္စည်း အတုအပများ ရောင်းချခြင်း မရှိကြောင်း စစ်ဆေးသိရှိရပြီး ကုန်အညွှန်းအမှတ်အသားများ ကိုက်ညီမှုရှိသော ကုန်စည်များကိုသာ ရောင်းချ စေရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
DOCA(မန္တလေး)
