အင်္ဂပူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အခြေခံစားသောက်ကုန် ဆီ နှင့် ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးခြင်း

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေး ကော်မတီမှဦးဆောင်ကာ(၂၄.၉.၂၀၂၅)ရက်နေ့ နံနက်(၀၈:၀၀)အချိန်မှစတင်၍ အင်္ဂပူမြို့ မြန်မာ့ စီးပွားရေးဘဏ်တွင် အခြေခံစားသောက်ကုန်  ဆီနှင့် ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့် ပင်စင်စား ဝန်ထမ်းများ ဝယ်ယူအသုံးပြုနိုင်ရေး ရောင်းချပေးလျက်ရှိပါသည်။ကြက်ဥနှင့် စားအုန်းဆီ များရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံး သူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးဘိုဘိုနှင့် မြို့နယ် ဆီလုပ်ငန်းရှင်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

    ထိုသို့ရောင်းချရာတွင် ပြည်သူများအား သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရန် ကြက်ဥ(၅)လုံး တစ်ထုပ်လျှင် ၂၀၀၀/- ကျပ်ဖြင့် အလုံးရေ ၃၀၀ ကို လည်းကောင်း၊ စားအုန်းဆီ ၅၀ ကျပ်သား (ဘူးခွံအပါ)လျှင် ၃၇၀၀/- ကျပ်နှုန်းဖြင့် ပိဿာချိန် (၁၀၀) အား ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ရောင်းချခြင်းကို ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး ဆက်လက် ရောင်းချ သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)