
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဖျာပုံမြို့ အထက(၁)ကျောင်းတွင်၂၀၂၄-၂၀၂၅ ပညာသင်နှစ်Grade (10)လူရည်ချွန်မောင်ကောင်းဇေသန့်အားဂုဏ်ပြုပွဲနှင့် တက္ကသိုလ်ဝင်တန်း ထူးချွန် ကျောင်းသား/ ကျောင်းသူများအား ဆုချီးမြှင့်ပွဲကို စက်တင်ဘာလ (၁၂)ရက်နေ့ နံနက် (၁၀)နာရီအချိန်ကဖျာပုံမြို့ အထက (၁)ကျောင်း၊ရာပြည့်ခန်းမ၌ကျင်းပသည်။
အဆိုပါတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်Grade (10)လူရည်ချွန်မောင်ကောင်းဇေသန့်အား ဂုဏ်ပြုပွဲနှင့် တက္ကသိုလ်ဝင်တန်း ထူးချွန် ကျောင်းသား/ ကျောင်းသူများအား ဆုချီးမြှင့်ပွဲတွင် ဖျာပုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်လွင်ဦးကအဖွင့်အမှာစကား ပြောကြားပြီး၂၀၂၄-၂၀၂၅ ပညာသင်နှစ်အထက(၁)ကျောင်းGrade (10)လူရည်ချွန် မောင်ကောင်းဇေသန့်အားဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ဖျာပုံခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သီတာကြိုင်နှင့်သက်ဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များ ဂုဏ်ပြုချီးမြှင့်ကြသည်။ထိုနောက် အထက(၁)ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဥ်မင်းငြိမ်းကကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားကြသည်။ထိုနောက်ပညာသင်နှစ်Greade(10)လူရည်ချွန်မောင်ကောင်းဇေသန့်ကကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ထိုနောက်အထက(၁)ကျောင်းGrade-11 ကျောင်းသား/ ကျောင်းသူကလေးများက"ကျွန်တော်ရည်မှန်းချက်" သီချင်းဖြင့်လည်းကောင်း၊အထက(၁)ကျောင်းGrade-(8) ကျောင်းသား/ ကျောင်းသူကလေးများက" အနာဂတ်ကမ္ကာမြေဖွံ့ဖြိုးစေ"သီးချင်းဖြင့်လည်းကောင်းအသီးသီးသီဆိုဖျော်ဖြေခဲ့ကြပါသည်။
( Doca ဧရာဝတီ )