ဒေးဒရဲမြို့နယ်  ဂွေးကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)၌ လူငယ်ရေး ရာ အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ  အသိပညာ ဗဟုသုတများ တိုးပွားစေရေး၊ စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှု ပိုမိုရရှိစေရန် ရည်ရွယ်၍   လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို စက်တင်ဘာလ( ၁၂)ရက်နေ့ မွန်းလွဲ (၂)နာရီခွဲက ဂွေးကုန်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါကျောင်းရှိ  ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြောင်းသိရသည်။
        အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ ဗလငါးတန်ပြည့်စုံ၍ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်၊ စာပေဗဟုသုတများစွာ သိုလှောင်ထားသည့် ပညာဘဏ်တိုက် စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေလေ့လာဖတ်ရှု့သည့် အလေ့အကျင့်ကောင်း များရရှိစေရန်၊ အားလပ်ချိန်များတွင် စာပေလေ့လာဖတ်ရှု၍ အချိန်ကိုအကျိုးစွာ အသုံးချနိုင် စေရေး၊ စာအုပ်စာပေလေ့လာခြင်းအားဖြင့် အသိဉာဏ်ပညာဖွံ့ဖြိုးလာပြီး မိမိနိုင်ငံနှင့် မိမိလူမျိုးကိုအကျိုးပြုနိုင်မည့်လူငယ်များဖြစ်ပေါ်လာစေရေးအတွက်  အခြေခံပညာကျောင်းများအရောက် ကွင်းဆင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်နေမှုအားရှင်းလင်းဆွေးနွေးခဲ့ပြီးလူငယ်နှင့် ကိုယ်ကျင့်တရားခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူ များအား သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။

(Doca ဧရာဝတီ)