ဒေးဒရဲမြို့၌ အွန်လိုင်းလိမ်လည်မှုဖြစ်စဉ်များ မဖြစ်ပွားစေရေး အသိပညာပေး ဟောပြော

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အွန်လိုင်းလိမ်လည်မှုဖြစ်စဉ်များ မဖြစ်ပွားစေရေးနှင့် ကြိုတင်သတိထား ဆောင်ရွက်ရမည့် နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး ကျောင်းအခြေပြု အသိပညာပေး ဟောပြောပွဲကို စက်တင်ဘာလ ၉ရက်နေ့ နံနက် (၁၁) နာရီက အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
       အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး  အတွင်းရေးမှူး ရဲမှူးပိုထွန်းက ယနေ့ခေတ် နည်းပညာများ လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ ဖြစ်ပွားလျက်ရှိသဖြင့် ကြိုတင်သတိထားလိုက်နာရမည့် အချက်များ ဆွေးနွေးဟောပြောခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်သား၊ ကျောင်းသူများ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့်  မူးယစ်ဆေးဝါး အန္တရာယ်များအကြောင်း အသိပညာပေး ဟောပြောခြင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သက်သက်စိုးက အင်တာနက်အွန်လိုင်းအသုံးပြု၍ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများထံမှ ငွေကြေးနှင့် အချက်အလက်များ လိမ်လည်လှည့်ဖြားရယူခြင်းများ၊ အင်တာနက်အွန်လိုင်း အသုံးပြု၍ လောင်းကစားမှု၊ လိမ်လည်မှုများအား ကျောင်းသား၊ ကျောင်းသူများ သတိပြုဆင်ခြင်နိုင်ရေး အသိပညာပေး ဟောပြောခြင်း၊ မြို့မရဲစခန်းမှူး ဒုရဲမှူး သိန်းလှိုင်က အိမ်နီးချင်းနိုင်ငံများ၌ ဆောင်ရွက်လျက်ရှိသည့် ဆက်သွယ်ရေး လိမ်လည်မှု တိုက်ဖျက်ရေး ဆိုင်ရာ (Video Click)အား ပြသရှင်းလင်းခြင်းနှင့် အွန်လိုင်းလိမ်လည်မှုများကြောင့် ကျခံရမည့် ပြစ်ဒဏ်များအား အသိပညာပေး ဟောပြောခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)