သထုံမြို့နယ်၊ အခွန်လွတ်ဈေး၌ “Myat Ah Kan Co.Ltd” မှ စားအုန်းဆီလက်လီ ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ၂၇.၉.၂၀၂၅ ရက်နေ့ ၊နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့်ဝန်ထမ်းများသည် သထုံမြို့နယ်၊ အခွန်လွတ်ဈေး၌ “Myat Ah Kan Co.Ltd” မှ စားအုန်းဆီလက်လီ ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့ စစ်ဆေးရာတွင် စားအုန်းဆီရောင်းချရာ၌ သတ်မှတ်ဈေးနှုန်း၊  အလေးချိန်၊ အရည် အသွေးပြည့်ဝမှန်ကန်စွာရောင်းချမှု ရှိ/မရှိ၊ သတ်မှတ်ဗီနိုင်းချိတ်ဆွဲရောင်းချမှု ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားအုန်းဆီတစ်ပိဿာလျှင် (၇၂၃၆) ကျပ်နှုန်းဖြင့် ပိဿာ (၃၃၀) ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)