မော်လမြိုင်မြို့၊ အမှတ် (၁) ဈေးကြီးအတွင်းရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

      ၂၅.၉.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ  ဝန်ထမ်းများသည် ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မော်လမြိုင်မြို့၊ အမှတ် (၁) ဈေးကြီးအတွင်းရှိ ဆေးဆိုင် များအား လက်ကားဈေးအပေါ်တွင် ဒေသပေါက်ဈေးထက် ဈေးနှုန်းပိုမိုအမြတ်တင်ပြီး လက်လီရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

  ထိုသို့ ကွင်းဆင်းစစ်ဆေးရာ မော်လမြိုင်မြို့၊ အမှတ် (၁) ဈေးကြီးအတွင်းရှိ ဆေးဆိုင် များတွင် လက်ကားဈေးအပေါ်၌ ဒေသပေါက်‌ဈေးထက်ဈေးနှုန်းပိုမိုအမြတ်တင်ပြီး လက်လီ ရောင်းချနေမှုမရှိကြောင်း၊ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းဖြင့်သာ ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA (မွန်)