မုဒုံမြို့နယ်အတွင်းရှိ ဈေးဆိုင်များတွင် DUMEX DUPRO အမှတ်တံဆိပ်ကလေးငယ် ဖော်စပ်စာအတုများ ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ၂၅.၉.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မုဒုံမြို့နယ်အတွင်းရှိ ဈေးဆိုင်များတွင် DUMEX DUPRO အမှတ်တံဆိပ်ကလေးငယ် ဖော်စပ်စာအတုများရောင်းချနေမှု ရှိ/မရှိ  ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာ မုဒုံမြို့နယ်အတွင်းရှိ ‌ဈေးဆိုင်များတွင် DUMEX DUPRO အမှတ်တံဆိပ်ကလေးငယ် ဖော်စပ်စာအတုများ ရောင်းချနေမှုမရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)