မော်လမြိုင်မြို့နယ်အတွင်းရှိ ဈေးဆိုင်များတွင် DUMEX DUPRO အမှတ်တံဆိပ်ကလေးငယ် ဖော်စပ်စာအတုများ ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ၂၄.၉.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မော်လမြိုင်မြို့နယ်၊ အမှတ် (၁) ဈေးကြီးအတွင်းရှိ ဈေးဆိုင်များတွင် DUMEX DUPRO အမှတ်တံဆိပ်ကလေးငယ် ဖော်စပ်စာအတုများရောင်းချနေမှု ရှိ/မရှိ  ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာ  မော်လမြိုင်မြို့နယ်၊ အမှတ် (၁) ဈေးကြီးအတွင်းရှိ ‌ဈေးဆိုင်များတွင် DUMEX DUPRO အမှတ်တံဆိပ်ကလေးငယ် ဖော်စပ်စာအတုများ ရောင်းချနေမှုမရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)